အဝေးသင်သင်တန်းများ ကျောင်းအပ်နှံနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်


(ပြည်တွင်း) ဒီဇင်ဘာ ၂၆

တက္ကသိုလ်နှင့်ဒီဂရီကောလိပ်များရဲ့ ၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်အဝေးသင်သင်တန်းများ ကျောင်းအပ်နှံ နိုင်ပြီဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန ကနေ ထုတ်ပြန်ထားပါတယ်။

အဝေးသင်သင်တန်းများ ကျောင်းအပ်နှံနိုင်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနရှိ တက္ကသိုလ်နှင့်ဒီဂရီကောလိပ်များ၏ ၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်း ကို ဒီဇင်ဘာလ ၂၆ ရက်မှ မတ်လ ၃၁ ရက်ထိ လည်းကောင်း၊ ဒုတိယနှစ် နှင့်အထက် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ဖေဖော်ဝါရီလ ၄ ရက်မှ မေလ ၁၆ ရက်ထိ လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN