အင်းစိန်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား လုပ်ကြံသတ်ဖြတ်ခဲ့သူ ၂ ဦးအား ဖမ်းဆီးရမိ


(မှုခင်း) ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွာသစ်အနောက်(၁) ရှိ အဆောင်တစ်ခုတွင် ဒီဇင်ဘာ ၂၄ ရက် ည ၇ နာရီကျော်ခန့်က လူ ၂ ဦးအား သေနတ် ၁ လက်နှင့်အတူ ကျည်ဆံများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အောင်ဆန်းရပ်ကွက်၊ ရွာသစ်အနောက် (၁)၊ အမှတ်(၇၈၂)အဆောင်တွင် လွန်ခဲ့သည့်ရက်အနည်းငယ်မှ ငှါးရမ်းနေထိုင်သူ ဇော်ဘို၊(ဘ)ဦးသိန်းဇော် လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက်၊ သိင်္ဂီ ၂ လမ်း၊ အမှတ် ၉၁၄/၉၁၅ တွင်နေထိုင်ခဲ့သူ နှင့် မနွေးနွေးအိ၊ ၂၉ နှစ်၊ (ဘ)ဦးတင့်လွင်တို့ နှစ်ဦးကို သတင်းအရသေနက်တစ်ချက်ပစ်ဖောက်၍ ဖမ်းဆီးရာ သေနက်အတိုတစ်လက်နှင့် ကျည်ဆံအချို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမား နှစ်ဦး၏ ထွက်ဆိုချက်အရ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းငွေ အား ပစ်ခတ်မှုတွင် ပါဝင်ကျူးလွန်ခဲ့​သူများဖြစ်​ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေ သည် အုပ်ချုပ်ရေးမှူးရုံး၌ တစ်ဦးတည်းရှိနေစဥ် အကြမ်းဖမ်းသမားများ၏ ဝင်​ရာက်ပစ်ခတ်မှုကြောင့် သေနတ်ထိမှန်ဒဏ်ရာခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံံကြီး အရေးပေါ်ဌာန ICU အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူလျက်ရှိရာမှ ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် ရရှိဒဏ်ရာ များကြောင့် သေဆုံးသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN