ရုရှားက ယူကရိန်းရှိ စစ်ရေးပစ်မှတ်များကို တိကျမှုရှိသော တာဝေးတိုက်ခိုက်မှုများ ပြုလုပ်


(နိုင်ငံတကာ) ဒီဇင်ဘာ ၂၆

ရုရှားတပ်ဖွဲ့များက ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် ယူကရိန်းနိုင်ငံရှိ စစ်ရေးပစ်မှတ်များကို တိကျမှု ရှိသော တာဝေးတိုက်ခိုက်မှုများ လုပ်ဆောင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခု စစ်ဆင်ရေးတွင် ယူကရိန်းနိုင်ငံရှိ စစ်ဘက်စက်မှုလုပ်ငန်းများသို့ လျှပ်စစ်ဓာတ်အားပေးနေသော စွမ်းအင်အခြေခံ အဆောက်အအုံများကို ဒုံးကျည်များနှင့် ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရည်မှန်းချက်များ အားလုံးကို အောင်မြင်စွာဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်ရာ၌ ရုရှားက ဒုံးကျည်အစင်း ၇၀ ခန့်နှင့် အသေခံဒရုန်းအစင်း ၁၀၀ ကျော်တို့ကို အသုံးပြုခဲ့ခြင်း ဒေသခြောက်ခုရှိ ပစ်မှတ်များစွာမှာ တိုက်ခိုက်ခံခဲ့ရကြောင်း ယူကရိန်းဒုတိယဝန်ကြီးချုပ် အလက်ဆီကူလဲဘား က အတည်ပြု ထားသည်။

ဒီဇင်ဘာလ ၂၄ ရက်ညပိုင်းတွင် ရုရှားနိုင်ငံအတွင်းပိုင်းသို့ ဦးတည် ဝင်ရောက်လာသည့် ယူကရိန်းနိုင်ငံမှ ဒရုန်း ၅၉ စင်းကို ရုရှားက ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်းနှင့် ထိုသို့တိုက်ခိုက်လာမှုကို ထိရောက်မှုရှိစွာ လက်တုံ့ပြန် မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး က ပြောပြီးနောက် ဒီဇင်ဘာလ ၂၅ ရက်တွင် ရုရှားက ယူကရိန်း၏ ဓာတ်အားလိုင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN