(မှုခင်း) ဒီဇင်ဘာ ၂၆
ဌာနဆိုင်ရာတွေရဲ့ အဂတိလိုက်စားမှု ပပျောက်ရေးအတွက် ဖုန်း Massage ကတစ်ဆင့် Public Feedback Programme နဲ့ မေးမြန်းတဲ့ မေးခွန်းတွေကို ပြည်သူတွေအနေနဲ့ ပြန်လည်ဖြေကြား ပေးကြဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။
မေးခွန်းတွေ မေးမြန်းတဲ့အနေရာမှာ အများပြည်သူများရဲ့ ဖုန်းနံပါတ်တွေကို Short Code နံပါတ် “1111” ကို အသုံးပြုပြီး SMS ကတစ်ဆင့် မေးခွန်းတွေ မေးမြန်းတာတွေနဲ့ တုံပြန်မှုရယူတဲ့ အစီအစဉ် (Public Feedback Programme – PFP) ကို အသုံးပြုဆောင်ရွက်နေတာဖြစ်တယ်လို ကော်မရှင်က အသိပေးထားပါတယ်။
ဆက်သွယ်မေးမြန်းမယ့် ဖုန်းနဲ့ပါတ်တွေအနေနဲ့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲအစည်းတွေရဲ့ ကြီးကြပ်မှုအောက်က အများပြည်သူနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ ရုံး/ဌာနတွေမှာ ဝန်ဆောင်မှုရယူခဲ့ကြတဲ့ ပြည်သူတွေရဲ့ တယ်လီဖုန်းတွေကို ဆက်သွယ်မေးမြန်းသွားမှာဖြစ်တယ်လိုလည်း အသိပေးထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ကော်မရှင်နဲ့ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲအစည်းတွေရဲ့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲတွေက မေးမြန်းလိုက်တဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြား ပေးခြင်းဟာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းတွေမှာ တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်တာဖြစ်တာကြောင့် အများပြည်သူထံက တုံပြန်မှုရယူခြင်းအစီအစဉ်ကို အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ရုံး/ဌာနတွေနဲ့ ဆက်ဆံတဲ့အခါ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့စပ်လျဉ်းပြီး ပေးပိုမေးမြန်းလိုက်တဲ့ SMS တွေကို မှန်ကန်စွာ ပြန်လည်ဖြေကြားပေးခြင်းအားဖြင့် သက်ဆိုင်ရာဌာနအသီးသီးရဲ့ ဝန်ဆောင်မှုလုပ်ငန်းအရည်အသွေးကို သိရှိနိုင်မှာဖြစ်ပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် လိုအပ်ချက်တွေကိုလည်း ပြုပြင်နိုင်မှာဖြစ်တယ်လို ကော်မရှင်ဖက်က ဆိုပါတယ်။
လက်ရှိအချိန်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းတွေကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲအစည်းတွေမှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲတွေ ဖွဲစည်းဆောင်ရွက်လျက် ရှိနေတယ်လိုလည်း အသိပေးထားပါတယ်။
Telegram»…
https://t.me/positiveanglenews