(ပြည်တွင်း) ဒီဇင်ဘာ ၂၆
ယမန်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တွင် နယ်မြေရှင်းလင်းနေသော လုံခြုံရေးအဖွဲ့များသည် ဆိပ်သာကျေးရွာအတွင်းရှင်းလင်းခဲ့ရာ လူနေထိုင်ခြင်းမရှိသည့် နေအိမ်အတွင်းမှ လက်နက်ခဲဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
အဆိုပါအိမ်အတွင်းမှ ကျည်မျိုးစုံ ၁၇၈ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ စိတ်ကြွဆေးပြားပန်းရောင်(၂၀၀)ပြားပါ ၂၂ ထုပ်၊ မြင်းမူပကဖရံပုံငွေဖြတ်ပိုင်းစာအုပ် ၂ အုပ်၊ ပြောက်ကျားယူနီဖောင်း ၄ စုံ၊ ပြောက်ကျားဦးထုပ် ၂ လုံး၊ ကျည်ကာအင်္ကျီအနက်ရောင် ၂ ထည်၊ ကျောပိုးအိတ် ၂ လုံး၊ ဖိနပ်အနက်ရောင် ၁ ရံ တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews