ခရစ္စမတ်နေ့တွင် ဂါဇာကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီး ၂၃ ယောက် သေဆုံး


(နိုင်ငံတကာ) ဒီဇင်ဘာ ၂၆

ခရစ္စမတ်နေ့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် Kamal Adwan ဆေးရုံအနီးတွင် အနည်းဆုံး ၂၃ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အစ္စရေးစစ်တပ်သည် ဆေးရုံအနီးရှိ အဆောက်အဦးများပေါ် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ရာတွင် လူပေါင်း ၂၃ ဦးသေဆုံးပြီး ၄၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

အစ္စရေး-ဟားမက်စ် စစ်ပွဲကာလအတွင်း ပါလက်စတိုင်းပြည်သူ သေဆုံးသူပေါင်း ၄၅၃၆၁ ယောက်ရှိခဲ့ပြီဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN