(နိုင်ငံတကာ) ဒီဇင်ဘာ ၂၆
ကာဇက်စတန်နိုင်ငံတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့က လူပေါင်း ၆၇ ဦး တင်ဆောင်လာသည့် လေယာဉ်တစ်စီးပျက်ကျကာ ၃၈ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ Embraer 190 အမျိုးအစား လေယာဉ်အမှတ် J2-8243 သည် ကက်စ်ပီယံပင်လယ်အနီးရှိ Aktau မြို့သို့ အရေးပေါ်ဆင်းသတ်ရန် ကြိုးပမ်းစဉ် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
လေယာဉ်သည် Aktau မြို့နှင့် ၁.၉ မိုင်ခန့်အကွာတွင် အရေးပေါ် ဆင်းသတ်နိုင်ခဲ့ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။
အဆိုပါလေယာဉ်သည် အဇာဘိုင်ဂျန်မြို့တော် ဘာကူမှ ပျံတက်ခဲ့ပြီးနောက် ၂ နာရီခွဲခန့် ပျံသန်းပြီးနောက် ပျက်ကျခဲ့ခြင်းဖြစ်သည်။
ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းများအရ လေယောဉ်သည် အရှိန်နှင့် ဆင်းသတ်လာပြီးနောက် မြေပြင်နှင့်တိုက်မိကာ မီးလောင်ပေါက်ကွဲခဲ့သော်လည်း လေယာဉ်အတွင်းပိုင်းမှ Black Box ကို ရှာဖွေတွေ့ရှိထားကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။
လေယာဉ်ပျက်ကျမှုတွင် ၃၈ ဦးသေဆုံးခဲ့ပြီး ကျန်ခရီးသည်များ ကံကောင်းထောက်မစွာအသက်ရှင်ခဲ့ကြောင်းသိရပြီး အဆိုပါ ခရီးသည်များတွင် အဇာဘိုင်ဂျန်နိုင်ငံသားအများစုပါဝင်ပြီး ရုရှားနှင့် ကာဇက်စတန်နိုင်ငံသားများလည်း ပါဝင်ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews