(မှုခင်း) ဒီဇင်ဘာ ၂၄
ယနေ့ နံနက် ၁၀ နာရီအချိန်တွင် အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ်အား အဓမ္မပြုကျင့်ကာ ရောင်းစားရန်ကြံစဉ်သူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မဂ်လာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု အနော်ရထာလမ်းနေ ဒေါ်အိအိထွေး၊ ၃၀ နှစ်၊ (ဘ)ဦးကျော်ဋ္ဌေးသည် လင်ပါသမီးဖြစ်သူ မသင်းစံပါယ်၊ ၁၄ နှစ်၊ (ဘ)ဦးဝင်းအောင်အား မိထွေးဖြစ်သူမှ ယခုလ ၈ ရက် ည ၉ နာရီခွဲအချိန်တွင် နေအိမ်မှခေါ်ယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
၄င်းနောက် မသင်းစံပါယ်အား လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်ငါးဈေးအနီး သဲများစုပ်ယူသည့်သဲကွင်းသို့ ခေါ်ဆောင်ကာ ဒေါ်အိအိထွေး မှ မောင်တင်ဝင်း၊ ၃၃ နှစ်၊ (ဘ)ဦးဝင်းစိန် လက်ဝယ်သို့ပေးပို့ခဲ့ပြီး၊ မောင်တင်ဝင်းသည် မသင်းစံပါယ်အား စိန်မြင့်မိုရ်သဘော်ပေါ်သို့ ခေါ်ဆောင်ကာသင်္ဘောအား ရေလယ်တွင်ကျောက်ချပြီး ပထမအကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း မောင်တင်ဝင်းမှ ထွက်ဆိုခဲ့ကြောင်း သိရသည်။
တရားခံမောင်တင်ဝင်းသည် မသင်းစံပါယ်အား ၆ ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့ပြီး လက်တဖက်မရှိသူ လူတစ်ဦးထံတွင်ငွေကျပ် သိန်းနှစ်ဆယ်ဖြင့် ရောင်းစားရန်စရံငွေ ၂၀၀၀၀၀ နှစ်သိန်းယူပြီး ငွေအကြေ ချေလွှဲပြောင်းခြင်းမပြုမှီ လှိုင်သာယာမြို့နယ် သဲကွင်းတွင် မသင်းစံပါယ်၏ ဖခင်မှတွေ့ရှိသဖြင့် တရားခံများအားခေါ်ဆောင်လာကာ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြစ်မှုကျူးသူတရားခံ တင်ဝင်း၊ ၃၃ နှစ်နှင့် ပြစ်မှုကျူးလွန်ရာတွင်အားပေးကူညီ ပူးပေါင်းပါဝင်ခဲ့သူ အိအိထွေး၊ ၃၀ နှစ်တို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သင်္ဃန်းကျွန်းကြီးနယ်မြေ ရဲကင်းစခန်းသို့ လွဲပြောင်းအပ်နှံထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews