(အားကစား) ဒီဇင်ဘာ ၂၄
ဒီဇင်ဘာလ ၂၂ ရက်က ကစားခဲ့တဲ့ ရီးရဲလ်အသင်းနဲ့ ဆီဗီလာအသင်းတို့ ပွဲစဉ်အပြီးမှာ ဆီဗီလာအသင်းရဲ့ ဝါရင့်နောက်ခံလူ နာဗက်စ် ဟာ ကစားသမားဘဝကနေ တရားဝင်အနားယူသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
နာဗက်စ် ဟာ ပြီးခဲ့တဲ့စက်တင်ဘာလတည်းက ၂၀၂၄ ခုနှစ်အကုန်မှာ ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ် ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ တရားဝင်အနားယူသွားခဲ့ တာဖြစ်ပါတတယ်။
ဆီဗီလာအသင်းခေါင်းဆောင် နာဗက်စ် ဟာ ၂၀၀၃ ခုနှစ်မှာ ဆီဗီလာအသင်းကို ရောက်လာခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ဖလား ၄ လုံးအပါအဝင် ဖလား စုစုပေါင်း ၉ လုံးအထိ အသင်းနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
နာဗက်စ်နဲ့ ဆီဗီလာအသင်းတို့ရဲ့စာချုပ်သက်တမ်းက လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် ရီးရဲလ်အသင်းနဲ့ပွဲစဉ်အပြီးမှာ နာဗက်စ် က ကစားသမားဘဝကနေ အနားယူသွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ နာဗက်စ် ဟာ ဆီဗီလာအသင်း သမိုင်းတစ်လျှောက် အောင်မြင်မှု အများဆုံးကစားသမားလည်း ဖြစ်ပါတယ်။
နာဗက်စ်အနေနဲ့ စပိန်လက်ရွေးစင် ကစားသမားဘဝမှာလည်း ကမ္ဘာ့ဖလား တစ်ကြိမ်၊ ယူရိုဖလားနှစ်ကြိမ်နဲ့ နေးရှင်းလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Webpage>>…
https://positiveanglenews.com/2024/12/24/ပြိုင်ဘက်-ဂျော့ရှူအာ-ကို/
VK Link>>…
https://vk.com/wall-220066330_9969
Telegram»…
https://t.me/positiveanglenews