စမ်းချောင်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ


(မှုခင်း) ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။

အခင်းဖြစ်ပွားစဉ် ရပ်ကွက်အုပ်ချုပ်ရေးရုံးအတွင်း အုပ်ချုပ်ရေးမှူး ဦးစန်းငွေ တစ်ဦးတည်းသာရှိကြောင်း ဒဏ်ရာရရှိသူ ဦးစန်းငွေမှာ သေနတ်ဖြင့် ပစ်ခတ ခံရမှုကြောင့် ဝဲဝမ်းဗိုက်ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ဒါဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူ ဦးစန်းငွေအား မိသားစုဝင်များမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပိုဆောင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ကနဦးသတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN