(နိုင်ငံတကာ) ဒီဇင်ဘာ ၂၄
ဂျပန်နိုင်ငံမြောက်ပိုင်းနှင့် အချို့ဒေသများတွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းခြင်းကြောင် ပြည်သူများသတိထားနေထိုင်ရန် မိုးလေဝါသတာဝန်ရှိသူများမှ သတိပေးချက်များထုတ်ပြန်ထားသည်။
တနင်္လာနေ့ နံနက် ၆ နာရီမှ ၆ နာရီအတွင်း နှင်းများကျဆင်းမှုမှာ Aomori စီရင်စုရှိ Hirakawa မြို့၊ Fukushima စီရင်စုရှိ Minamiaizu မြို့နှင့် Gunma စီရင်စုရှိ Minakami မြို့များတွင် ၂၀ စင်တီမီတာခန့် ကျဆင်းခဲ့သည်။
ဂျပန်မိုးလေဝသအေဂျင်စီက ရာသီဥတုအခြေအနေအား အားကောင်းသည့် ဆောင်းတွင်းဖိအားပုံစံအဖြစ် သတ်မှတ်ထားသည်။
ဂျပန်နိုင်ငံအနောက်ပိုင်းပင်လယ်တစ်လျှောက်ရှိ မြောက်ပိုင်းဒေသများမှ ဒေသခံများအား လျှပ်စစ်ဝါယာကြိုးများနှင့် သစ်ပင်များပေါ်တွင် နှင်းပြိုကျမှုများအား သတိပြုရန် တိုက်တွန်းထားသည်။
Hokuriku ကမ်းလွန်ပင်လယ်ပြင်တွင် ၅ မီတာအထိ လှိုင်းလုံးကြီးများ မြင့်တက်လာနိုင်သည်ဟု ဂျပန်မိုးလေဝသအေဂျင်စီက ခန့်မှန်းထားကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews