(ပြည်တွင်း) ဒီဇင်ဘာ ၂၄
တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်နိုင်ရန် အမျိုးသမီးများ၏ အလုပ်လျှောက်လွှာများကို လာမည့်ဇန်နဝါရီလဆန်းပိုင်းတွင် စတင်လက်ခံသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က အသိပေးထုတ်ပြန်ထားကြောင်း သိရပါတယ်။
အဆိုပါ ထုတ်ပြန်ချက်အရ ဝန်ဆောင်မှုလုပ်ငန်းအုပ်စု (၁)အတွက် အလုပ်လျှောက်လွှာကို ဇန်နဝါရီလ ၂ ရက်တွင်ထုတ်ပေးကာ ဇန်နဝါရီလ ၈ ရက်တွင် အလုပ်လျှောက်လွှာ လက်ခံပေးသွားမှာဖြစ်ပါတယ်။
ကုန်ထုတ် လုပ်ငန်း (ပထမအသုတ်)အတွက် အလုပ်လျှောက်လွှာများကိုလည်း ဇန်နဝါရီလ ၃ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့မှာ ထုတ်ပေးကာ ဇန်နဝါရီလ ၉ ရက်၊ ၁၀ ရက်နှင့် ၁၃ ရက်တို့တွင် လက်ခံပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။
အမျိုးသမီးများကို ဝင်ရောက်လုပ်ကိုင်ခွင့်ပြုခဲ့သည့် ဝန်ဆောင်မူလုပ်ငန်းအမျိုးအစားကို EPS-Topik (၁၆) ကြိမ်မြောက်စာမေးပွဲတွင် ပထမဆုံးထည့်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းစာမေးပွဲတွင် အမျိုးသမီး ၃,၀၀၀ နီးပါး စာမေးပွဲ အောင်မြင်ထားရှိခဲ့သော်လည်း အလုပ်သမားဦးရေ မည်မျှထွက်ခွာခွင့်ရရှိမည်ကို အတိအကျမသိရသေးတာ ဖြစ်ပါတယ်။
လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ မြန်မာနိုင်ငံမှ လုပ်သား ၇၀,၀၀၀ ကျော် ရောက်ရှိ လုပ်ကိုင် လျက်ရှိကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews