၂၀၂၄ ခုနှစ်အတွက် YBS ယာဉ်မောင်းဆုများ ပေးအပ်ချီးမြှင့်မည်


(ပြည်တွင်း) ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)အနေဖြင့် ယခု ၂၀၂၄ ခုနှစ် အတွက် YBS ယာဉ်မောင်းသူများအား စံပြယာဉ်မောင်းဆုနှင့် တာဝန်သိယာဉ်မောင်းဆုများအပြင် ခရီးသွားပြည်သူများ အသိအမှတ်ပြု ယာဉ်မောင်းဆုများကို ဆုများရွေးချယ်ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်မြို့၌ မောင်းနှင်ပြေးဆွဲပေးလျက်ရှိနေတဲ့ အများပြည်သူသုံး မော်တော်ယာဉ်များဖြစ်ကြသည့် YBS ခရီး သည်တင်ယာဉ်များတွင် အဓိကကျသော YBS ယာဉ်မောင်းများအနေဖြင့် ခရီးသွားပြည်သူများအပေါ် တာဝန်သိစွာ ဆောင်ရွက်စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်စေရန်အတွက် ယခုကဲ့သို့ ဆုများပေးအပ်ချီးမြှင့်ရန် စီစဉ်ခြင်းဖြစ်ပါတယ်။

ယခင်နှစ်များမှာတော့ စံပြယာဉ်မောင်းဆုများကို YBS ယာဉ်လိုင်းကုမ္ပဏီများက ရွေးချယ်ပေးတဲ့ ယာဉ်မောင်း များကို ပေးအပ်ချီးမြှင့်ခဲ့သော်လည်း ယခုနှစ်အတွက် စံပြယာဉ်မောင်းဆုများကို ရွေးချယ်ရာတွင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ မှတ်တမ်းများနှင့် တိုက်ဆိုင်စိစစ်သွားမှာဖြစ်ပြီး ပြစ်မှုမှတ်တမ်းထဲတွင် ပါရှိနေသော ယာဉ်မောင်း များကို YBS ယာဉ်လိုင်းကုမ္ပဏီများ ဘက်မှ အမည်စာရင်းတင်သွင်းလျှင်လည်း စံပြယာဉ်မောင်းဆု ချီးမြှင့်သွားမှာမဟုတ် ကြောင်း YRTC မှ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN