7th Act East Business Show သို့ မြန်မာလုပ်ငန်းရှင်များ တက်ရောက်ရန် ဖိတ်ခေါ်


(ပြည်တွင်း) ဒီဇင်ဘာ ၂၃

အိန္ဒိယနိုင်ငံ၊ မီဂါလာယာ (Meghalaya)ပြည်နယ်တွင် ကျင်းပမည့် 7th Act East Business Show သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ရန် သက်ဆိုင်ရာပြပွဲကျင်းပရေးကော်မတီမှ ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။

7″ Act East Business Show ကို အိန္ဒိယနိုင်ငံ မီဂါလာယာပြည်နယ်အစိုးရ၊ အရှေ့မြောက်ဒေသကောင်စီ၊ အရှေ့ မြောက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Invest India တို့မှပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်အထိ မီဂါလာယာပြည်နယ်၏ မြို့တော်ဖြစ်သည့် ရှီလောင်မြို့တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

အဆိုပါပြပွဲသို့ မြန်မာနိုင်ငံမှ လယ်ယာစိုက်ပျိုးရေးနှင့် သစ်သီးဝလံပန်းမန်ကဏ္ဍ၊ နည်းပညာကဏ္ဍ၊ အခြေခံ အဆောက်အအုံ၊ ခရီးသွားလာရေး၊ ကျန်းမာရေး၊ လက်ရက်ကန်းနှင့် လက်မှုပညာပစ္စည်း စတဲ့ကဏ္ဍများမှ ကုန်သည် လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးကိုယ်စားလှယ်များတက်ရောက်နိုင်ရန် သက်ဆိုင်ရာမှ ဖိတ်ခေါ်ထားပါ တယ်။

ပြပွဲမှာ ကုန်စည်ပစ္စည်းမျိုးစုံပြပွဲအပြင် အိန္ဒိယအရှေ့မြောက်ဖျားဒေသ၏ အရှေ့တောင်အာရှနိုင်ငံများသို့ ချိတ်ဆက်မှုလမ်းကြောင်း အလားအလာများဆိုင်ရာဆွေးနွေးပွဲများ၊ ပြည်နယ်အစိုးရနှင့် တက်ရောက်လာသူများကြား တွေ့ဆုံဆွေးနွေးမှုများ၊ စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးမှုများကိုလည်း စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပြီး တက်ရောက်လာသူများအတွက် တည်းခိုနေထိုင်ရေးနှင့် သယ်ယူပို့ဆောင်ရေးကိစ္စများကို သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

တက်ရောက်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း ၀၆၇-၄၀၈၆၂ နှင့် [email protected] တို့သို့ ဆက် သွယ်စုံစမ်း၍ စာရင်းပေး သွင်းနိုင်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN