အောင်လံမြို့နယ်တွင် အပြစ်မဲ့အရပ်သားတောင်သူတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်


(ပြည်တွင်း) ဒီဇင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာတွင် ဒီဇင်ဘာ ၂၃ ရကနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အပြစ်မဲ့အရပ်သားတောင်သူတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း သိရသည်။

အောင်လံမြို့နယ်၊ မြေနီကုန်းကျေးရွာနေ တောင်သူလုပ်ငန်းလုပ်ကိုင်သူ ဦးနိုင်ဝင်း၊ အသက် ၃၈ နှစ်၊ (ဘ) ဦးအောင်ကျင်သည် ၎င်းပိုင် ယာခင်းမှ နေအိမ်သို့ပြန်လာစဉ် မြေနီကုန်းကျေးရွာအ၀င်၌ အကြမ်းဖက် PDF အဖွဲ့ဝင် ၇ ဦးခန့်မှာ ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ရာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ရကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

Telegram»…
https://t.me/positiveanglenews

PAN