မွန်ပြည်နယ်တွင် အရည်အသွေးမြင့် ရော်ဘာများ တိုးမြှင့်ထုတ်လုပ်လျက်ရှိ

(နိုင်ငံတကာ)  ဒီဇင်ဘာ ၂၃

မွန်ပြည်နယ်ရှိ ရော်ဘာစိုက်ပျိုးဧက ငါးသိန်းကျော်တွင် ၉၀ ရာခိုင်နှုန်းက လုပ်ကွက်ငယ် ခြံလုပ်ငန်းရှင် များဖြစ်ပြီး ခြံကြီး၊ ခြံလတ်များနှင့် ကုမ္ပဏီစိုက်ခင်းများမှာ ၁၀ ရာခိုင်နှုန်းအောက် စိုက်ပျိုးထားရှိ၍ ရော်ဘာအစေး ခြစ်ဧက သုံးသိန်းကျော်ကို စိုက်ပျိုးထားရှိပါတယ်။

မွန်ပြည်နယ်အတွင်း ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးရန်၊ အထွက်နှုန်းနှင့် အရည်အသွေးမြင့်မားစေရန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် တာဝန်ရှိသူ များက ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ထို့အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ ဖွံ့ဖြိုးစေရန် ရော်ဘာ ပင်များနဲ့ဆက်စပ်သည့် တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်သော ရော်ဘာသစ်၊ ပရိဘောဂ၊ သစ်ပါးလွှာ၊ အထပ်သား လုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

 ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရော်ဘာသစ်ခွဲသား၊ သစ်ပါးလွှာ ၂၂၉,၀၆၁ တန် ထုတ်လုပ်နိုင်ခဲ့ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့မှလည်း လုပ်ငန်းရှင်များအတွက် ချေးငွေများ ထုတ်ချေးပေးနိုင်ခဲ့ပါတယ်။

မွန်ပြည်နယ်မှ ထုတ်လုပ် ရောင်းချသော ရော်ဘာအမျိုးအစားများတွင် တန်ချိန် ၁၅,၀၀၀ ခန့် သုံးစွဲရပြီး ပိုလျှံသော ရော်ဘာများကို ပုဂ္ဂလိက ဝယ်လက်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။

#PAN