Vitamin B 9(Folate)အကြောင်းသိကောင်းစရာ

(ကျန်းမာရေး)ဒီဇင်ဘာ  ၂၃

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ Vitamin B 9(Folate)အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Vitamin B 9(Folate) ဆိုတာဘာလဲ

       ဗီတာမင် ဘီ အုပ်စုဝင် အမျိုးအစားဖြစ်သည့် Vitamin B 9(Folate) သည် ဟင်းသီးဟင်း ရွက်များတွင် ပါဝင်သည့် သဘာဝဗီတာမင်ဖြစ်ပြီး ဖောလစ်အက်စစ်သည် လူတို့ဖန်တီးထုတ်လုပ်ထားသည့် ဖောလိတ်နှင့် အလားတူပစ္စည်းဖြစ် သည်။ ၎င်းသည် ရေမှာပျော်ဝင်တဲ့ဗီတာမင် တစ်ခုဖြစ်ပါတယ်။

Vitamin B 9(Folate)က ဘာအတွက် လိုအပ်သလဲ

      Vitamin B 9(Folate)သည် အမျိုးသမီးတွေအတွက် အင်မတန်ကိုလိုအပ်ပြီး အရေးကြီးတဲ့ဗီတာမင်တစ်ခုဖြစ်ပါတယ်။ ဖောလိတ်ဓာတ်ကို သန္ဓေသားကြီးထွားဖွံ့ဖြိုးရာတွင် ပါဝင်သဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အဓိကလိုအပ်သည်။

       Vitamin B 9(Folate)ဟာ အမျိုးသမီးတွေအတွက် အလွန်အရေးကြီးတယ်လို့ ဆိုသော် လည်း အမျိုးသားတွေအတွက်လည်း လိုအပ်ပါ တယ်။ လူတိုင်း အသက် အရွယ်မရွေး လိုအပ်တဲ့ ဗီတာမင်တစ်ခုဖြစ်ပါတယ်။ Vitamin B 9 (Folate)သည် ခန္ဓာကိုယ်အတွက် သွေးနီ ဥအသစ်များ ထုတ်လုပ်ခြင်း၊ ဒီအန်အေနှင့်မျိုးရိုးဗီဇဆိုင်ရာ ပစ္စည်းများထုတ် လုပ်ခြင်းတွင် လိုအပ်သည်။

     အစားအစာတွေမှာပါတဲ့ ဖောလစ်အက်ဆစ်ကို အူသိမ်တွေကနေ စုပ်ယူပြီး သွေးကနေတဆင့် အသည်းကိုပို့ပေးပါတယ်။ ခနွာကိုယ်ဟာ ဖော့လစ်အက်ဆစ်ကို အသည်းနဲ့ cell တွေမှာသိုလှောင်ထားပါတယ်။

      အမျိုးသမီးတွေရဲ့ ခနွာကိုယ်ဟာ ဖောလစ်အက် စစ်ကို ဘာကြောင့်ပိုပြီးလိုအပ်ရတာပါလဲ။ ဒါဟာ အင်မတန်ကိုသိထားသင့်တဲ့အချက်ပါ။အမျိုးသမီးတွေဟာ လစဉ်လတိုင်းဓမွတာ ရာသီသွေးဆုံးရှုံးမှုတွေများတဲ့ သွေးအားနည်းတက်ပါတယ်။ အမျိုးသမီးတွေသွေးအားနည်းရခြင်းဟာ သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်တက်သလို ထောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့်လည်း သွေး အားနည်းတက်ပါတယ်။ အထူးသဖြင့်ကိုယ်ဝန် ဆောင်မိခင်လောင်းတွေကို သွေးအား မနည်းအောင် OG တွေက သံဓာတ်နဲ့ဖောလစ်အက်ဆစ် ပါတဲ့အားဆေးကိုတိုက်ကျွေးကြတာပဲဖြစ်ပါတယ်။ အမျိုး သမီးတွေဟာအိမ်ထောင်ပြုပြီး ကလေးယူတော့မယ်လို့ဆုံးဖြတ်ရင် ကိုယ့်မွေးတဲ့ကလေး အင်္ဂါစုံအောင် ၊ဥာဏ်ရည်ပြည့်အောင်၊လူစဉ်မှီအောင်အတွက် ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ကောင်း ကောင်းစားပေးဖို့လိုအပ်ပါတယ်။ကိုယ်ဝန်ဆောင် မိခင် လောင်းတစ်ယောက်ဟာ ဖောလစ်အက်ဆစ်ဓာတ် အပြည့်အဝရှိနေဖို့လိုအပ်ပါတယ်။

Folate က အရေပြား ကျန်းမာရေးကို ဘယ်လို အထောက်အကူပေးသလဲ

     Folate ကအရေပြား ကျန်းမာစေဖို့ အခုလိုလေးတွေ ထောက်ကူပေးနိုင်ပါတယ်။

• နေလောင်ဒဏ်ကို ကာကွယ်ပေးတယ် ။ နေလောင်ဒဏ်နဲ့ အလွန်အကျွံထိတွေ့မိတာကြောင့် အရေပြားဆဲလ်တွေထဲက DNA ကို ပျက်စီးစေနိုင်ပါတယ်။ ဒီအခြေ အနေက အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ Folate က ခန္ဓာကိုယ်ကို DNA နဲ့ RNA တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်သလို  ဆဲလ်တွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
• အရွယ်မတိုင်ခင် မအိုမင်းစေဖို့ ကာကွယ်ပေးတယ် Folate က ကျန်းမာတဲ့ အရေပြားဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာတွေ မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ အရေးအကြောင်းတွေ မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကော်လာဂျင် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး အရေပြား တင်းရင်းစေဖို့ ထောက်ကူပေးနိုင်သလို အသားအရောင် လင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
• ဝက်ခြံ မဖြစ်စေဖို့ ထောက်ကူပေးတယ် Folate က အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဗီတာမင် B9 ပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး အရေပြားကို ဓာတ်တိုးပစ္စည်းကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဝက်ခြံတွေ မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

Vitamin B 9(Folate) ချို့တဲ့ခြင်း

      ဖောလိတ်ချို့တဲ့ခြင်း၏ အဓိကအကြောင်း ရင်းမှာ အစားအစာကို ညီညွတ်မျှတအောင် မစားသုံးသော ကြောင့်ဖြစ်ပါတယ်။ အခြားအကြောင်း ရင်းများကြောင့်လည်း ဖောလိတ်ချို့တဲ့နိုင်ပါတယ်။ ၎င်းအကြောင်းရင်းများမှာ_
• ဟင်းသီးဟင်းရွက်များကို အကျက်လွန်အောင် ချက်ပြုတ်ခြင်း ။ အကျက်လွန်‌အောင်ချက်ပြုတ်ခြင်းသည် အသီးအရွက်များတွင် ပါဝင်သော ဖောလိတ်ကို ပျက်စီးဆုံးရှုံးစေသည်။
• အရက်အလွန်ကျွံ သောက်သုံးခြင်း ။ အစာမစားဘဲ အရက်အလွန်ကျွံ သောက်သုံးသော ကြောင့် ဖောလိတ်ချို့တဲ့ခြင်းဖြစ်သည်
• အစာခြေဖျက်ခြင်းဆိုင်ရာရောဂါများ ။ အစာ ခြေဖျက်မှုစနစ်‌ မ‌ကောင်းသောကြောင့် ဖောလိတ်ကို ခန္ဓာကိုယ်မှမစုပ်ယူနိုင်ခြင်းဖြစ်သည် (ဥပမာ_နာတာရှည်အူရောင်ရောဂါများ – Inflammatory Bowel Disease၊ အူကို ဖြတ်တောက်ခွဲစိတ်ထားခြင်း)။
• သွေးနီဥပျက်စီးခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်ခြင်း (Haemolytic Anaemia) ။သွေးနီဥများပျက်စီးခြင်းကြောင့် သွေးနီဥအသစ်ထုတ်လုပ်ရန် ဖောလိတ်အများအပြား သုံးစွဲလာရသဖြင့် ဖောလိတ်ချို့တဲ့ခြင်းဖြစ်သည်
• ကျောက်ကပ်ဆေးနေသောလူနာများ ။
• တချို့သောဆေးဝါးများ (ဥပမာ_ methotrexate, sulfasalazine) စသည်တို့ဖြစ်သည်။

ရောဂါလက္ခဏာများ

     ဖောလိတ်ချို့တဲ့ခြင်းကြောင့် ပထမဦးဆုံးခံစားရမည့် ရောဂါလက္ခဏာတစ်ခုမှာ အလွန်ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်သည်။ အခြားရောဂါလက္ခဏာများကတော့ –
သွေးအားနည်းရောဂါလက္ခဏာများ
• မောပန်းခြင်း
• ဖြူဖပ်ဖြူရော်ဖြစ်ခြင်း
• ခေါင်းမူးခြင်း
• အားနည်းခြင်း

ပါးစပ်နှင့်ဆိုင်သော ရောဂါလက္ခဏာများ
• လျှာနီမြန်း၍နာကျင်ခြင်း
• ပါးစပ်တွင်အနာဖြစ်ခြင်း
• အရသာခံစားမှု‌ လျော့နည်းခြင်း

ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါလက္ခဏာများ
• မှတ်ဉာဏ်အားနည်းလာခြင်း
• အာရုံစူးစိုက်၍မရခြင်း
• စိတ်ရှုပ်ထွေးခြင်း
• ဆုံးဖြတ်နိုင်စွမ်းကျဆင်းခြင်း

တခြားရောဂါလက္ခဏာများ
• အားအင်ကုန်ခန်းခြင်း
• ကြွက်သားအားနည်းခြင်း
• စိတ်ဓာတ်ကျခြင်း
• ကိုယ်အလေးချိန်ကျခြင်း
• ဝမ်းလျှောခြင်း
စသည့်ရောဂါလက္ခဏာများခံစားရနိုင်သည်။

ကုသခြင်း

     ဖောလိတ်ချို့တဲ့ခြင်းကို ကုသရာတွင် ချို့တဲ့ခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းပေါ် မူတည်၍ ကုသရသည်။ အာဟာရချို့တဲ့ခြင်းကြောင့် ဖောလိတ်ချို့တဲ့ခြင်းကို ဖောလစ်အက်စစ်အားဆေး သောက်သုံးခြင်းဖြင့် ကုသနိုင်သည်။ ပုံမှန်လူကြီးတစ်ယောက်အတွက် ဖောလစ်အက်စစ်သည် တစ်နေ့တွင် 400mcg လိုအပ်သည်။ ထို့ကြောင့် အစားအစာကို ညီညွတ်မျှတ လုံလောက်အောင် စားသုံးရန် အရေးကြီးသည်။

ကာကွယ်ခြင်း

      ဖောလိတ်ချို့တဲ့ခြင်းကို ကာကွယ်ရန် အကောင်းဆုံးနည်းမှာ အစားအစာကို ညီညွတ်မျှတအောင် စားသုံး‌ပေးခြင်းဖြစ်သည်။ ဖောလိတ်ကြွယ်ဝစွာပါဝင်သော အစိမ်းရောင်ရှိသောအရွက်များ၊ လိမ္မော်သီး၊ အခွံမာသီး၊ ပဲအမျိုးမျိုး၊ ပင်လယ်စာ၊ ဥ၊ နို့ထွက်ပစ္စည်း၊ အသားနှင့်အစေ့အဆန်များကို စားသုံးရမည်။ ဖောလိတ်ကြွယ်ဝစွာပါဝင်သော အစားအစာများမှာ –
• ပဲအမျိုးမျိုး
• ချဉ်သောအသီးများ
• အစိမ်းရောင်ရှိသော အသီးအရွက်များ
• အသည်း
• ပင်လယ်စာ
• ဥနှင့်နို့ထွက်ပစ္စည်းများ
• အသားများ စသည်တို့ ဖြစ်သည်။

     ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန် ဆောင်နေချိန်တွင် ဖောလစ်အက်စစ်အားဆေးကို တစ်နေ့တစ်လုံး သောက်သုံးပေးခြင်းဖြင့် ဖောလိတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ပါတယ်။
(Crd: Hello ဆရာဝန် ၊ Cllhealth)

#PAN