(နိုင်ငံတကာ) ဒီဇင်ဘာ ၂၂
မလေးရှားအစိုးရသည် လွန်ခဲ့သော ၁၀ နှစ်ကျော်က ပဟေဠိဆန်စွာပျောက်ဆုံးပြီး ယနေ့ထိတိုင် အစအနရှာမတွေ့နိုင်သေးသည့် MH 370 လေယာဉ်ကို ထပ်မံရှာဖွေသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
လူပေါင်း ၂၃၉ ဦးကို တင်ဆောင်လာသည့် Beoing 777 အမျိုးအစား အဆိုပါလေယာဉ်သည် ၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်တွင် ကွာလာလမ်ပူမြို့မှ ပေကျင်းမြို့သို့ ပျံသန်းစဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်။
ထိုလေယာဉ်ကို လေကြောင်းလုပ်ငန်းသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဖြစ်သည့် ရှာဖွေမှုများဖြင့် ရှာဖွေခဲ့သော်လည်း ယခုအချိန်အထိ ပြန်လည်မတွေ့ရှိရသေးခြင်း ဖြစ်သည်။
သို့သော် Ocean Infinity ကုမ္ပဏီက ယင်းလေယာဉ်ကို ထပ်မံရှာဖွေရန် ခွင့်ပြုချက်တောင်းခံမှုအပေါ် မလေးရှားအစိုးရက ခွင့်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews