(စီးပွားရေး) ဒီဇင်ဘာ ၂၂
မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ လက်ရှိဘဏ္ဍာနှစ် ရှစ်လတာကာလ အတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၅,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ရှစ်လတာကာလအတွင်း ပြည်ပသို့ ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၄,၃၃၅ ဒသမ ၆၅၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅၄၃ သန်းရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၉၆၂ ဒသမ ၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၂၈ သန်းရရှိခဲ့ရာ စုစုပေါင်းတင်ပို့မှု ပုစွန်မက်ထရစ်တန် ၅,၂၉၈ ဒသမ ၅၅၇ တန်တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၈၇၁ သန်း ရရှိခဲ့ပါတယ်။
ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက် ရှိကြောင်း သိရပါတယ်။
#PAN