(ပြည်တွင်း) ဒီဇင်ဘာ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနက ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ခဲ့သော အစိုးရဓမ္မာစရိယ အထူးအောင် သုံးပါး၊ ပါဠိ ဂုဏ်ထူးအောင် ခြောက်ပါး၊ မြန်မာဂုဏ်ထူးအောင် သုံးပါး၊ အစိုးရဓမ္မာစရိယ သုံးကျမ်းအောင် ၁,၄၄၃ ပါး၊ ပါဠိ ပထမပြန် အထူးအောင် ၁၆ ပါး၊ နိကာယ် အထူးအောင် ၁၃ ပါး၊ မဟာဝိဒူအောင် ၁၅ ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်အထူးအောင် ကိုးဦး တို့အား ဘွဲ့တံဆိပ်တော်များနှင့် အောင်လက် မှတ်များ ဆက်ကပ်လှူဒါန်းမည့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် (၁၃၈၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၂ ရက်) မွန်းတည့် ၁၂ နာရီအချိန်တွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ဦးဆောင်မှုဖြင့် ကျင်းပသွားမယ်လို့ သိရပါတယ်။
အဆိုပါ မဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ အချိန်မီကြွရောက်ရန် သက်ဆိုင်ရာ အထူးအောင်ပုဂ္ဂိုလ်များနှင့် ပင့်သံဃာတော်များကို ပင့်စာများ ပေးပို့ဆက်ကပ်ပင့်ဆောင် သွားမှာဖြစ်ပြီး ပင့်စာများ အချိန်မီမရရှိပါကလည်း ကြွရောက်တော်မူနိုင်ရန် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှ စပြီး ရုံးချိန်အတွင်း ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ သာသနာရေးဦးစီးဌာန၊ စာမေးပွဲဌာနခွဲသို့ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း သာသ နာရေးဦးစီးဌာနက ပင့်လျှောက်ထားပါတယ်။
Telegram»…
https://t.me/positiveanglenews