(အားကစား) ဒီဇင်ဘာ ၂၁
မန်ယူအသင်းနဲ့ အနာဂတ်မရေမရာဖြစ်နေတဲ့ ရက်ရှ်ဖို့ဒ် က စိန်ခေါ်မှုအသစ်များအတွက် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်အသင်းများသို့ ပြောင်းရွှေ့ကစားမည်မဟုတ်ဘဲ စပိန်လာလီဂါကလပ်အသင်း များထံ ပြောင်းရွှေ့ကစားလိုကြောင်း ပြောကြားခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် ရက်ရှ်ဖို့ဒ် ဟာ မန်ယူအသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ စတင်ကစားခဲ့ကာ ကစားသမားဘဝအစပိုင်းက အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ခြင်းကြောင့် ထိပ်တန်း ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီကစတင်ကာ ခြေစွမ်းပြသနိုင်ရန် ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ် ဟာ လက်ရှိဘောလုံးရာသီ နည်းပြဟောင်း တန်ဟတ် လက်အောက်မှာ ရာသီအစပိုင်းက ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့သော်လည်း ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ရုန်းကန်နေခဲ့ရပါတယ်။
လက်ရှိနည်းပြ အာမိုရင် လက်အောက်တွင် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့တဲ့အပြင် နည်းပြရဲ့ လေ့ကျင့်ရေးကွင်း နည်းစနစ်များကြောင့် ရက်ရှ်ဖို့ဒ် ကို အသင်းကစားသမားစာရင်းမှ ချန်လှပ်ခဲ့ပြီးနောက် ၎င်းရဲ့ အနာဂတ်မှာ ပိုမို၍ မရေမရာဖြစ်လာခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ် က မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်အပြီး အင်တာဗျူးတွင် စိန်ခေါ်မှုအသစ်များ ရင်ဆိုင်ရန် အတွက် အသင့်ဖြစ်နေကြောင်းနဲ့ မန်ယူအသင်းမှ ထွက်ခွာခဲ့ပါက ပရီးမီးယားလိဂ်ကလပ်အသင်းများသို့ ပြောင်းရွှေ့မှာ မဟုတ်ဘဲ စပိန်လာလီဂါကလပ်များသို့ ပြောင်းရွှေ့ကစားလိုကြောင်း ပြောခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews