(အားကစား) ဒီဇင်ဘာ ၂၀
မန်စီးတီးအသင်း နည်းပြ ပက်ဂွါဒီယိုလာ က မန်ယူအသင်း ကွင်းလယ်ကစားသမားဟောင်းဖြစ်တဲ့ ပေါလ် ပေါ့ဘာ ကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။
ပေါ့ဘာ ဟာ တားမြစ်ဆေးပြစ်ဒဏ်ကြောင့် ၄ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမယ့် အီတလီတားမြစ်ဆေး တိုက်ဖျက်ရေးအဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ အရပ်ဘက် အားကစားခုံရုံး (CAS) ကပယ်ချခဲ့ပြီး ၁၈ လ ပွဲပယ်ပြစ်ဒဏ်သို့ လျှော့ပေါ့ပေးခဲ့တာ ဖြစ်ပါတယ်။
ပေါ့ဘာ ဟာ ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်ဖျက်သိမ်းထားတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး လာမည့်လအတွင်း မှာ ပြစ်ဒဏ်ပြည့်မြောက်ပြီး လေ့ကျင့်ခန်းပြန်ဆင်းခွင့် ရမည်ဖြစ်ရာ မန်စီးတီးအသင်းက ခေါ်ယူလိုနေခြင်း ဖြစ်ပါ တယ်။
ဂွါဒီယိုလာ က အသင်းရဲ့ကွင်းလယ်ကို အားဖြည့်ရန် စိတ်ဝင်စားလျက်ရှိရာ ပေါ့ဘာ ကို ခေါ်ယူမည်ဆိုပါက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမှာဖြစ်လို့ ခေါ်ယူလိုခြင်း ဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews