(အားကစား) ဒီဇင်ဘာ ၂၀
လေဗာကူဆင်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားတစ်ဦးဖြစ်တဲ့ ဖလော်ရီယန်ဝစ်ဇ် ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။
အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖလော်ရီယန်ဝစ်ဇ် ဟာ လေဗာကူဆင်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့တာကြောင့် ဥရောပထိပ်တန်းကလပ်အသင်းကြီး တွေက ဖလော်ရီယန်ဝစ်ဇ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြပါတယ်။
ဒါကြောင့် လေဗာကူဆင်အသင်း က ဖလော်ရီယန်ဝစ်ဇ် ကို စာချုပ်သက်တမ်းတိုးဖို့ အစောတလျင် လုပ်ဆောင်နေခြင်းလည်း ဖြစ်ပါတယ်။
ဖလော်ရီယန်ဝစ်ဇ် ဟာ လေဗာကူဆင်အသင်းမှာ ပြိုင်ပွဲစုံ ၁၇၆ ပွဲကစား သွင်းဂိုး ၅၂ ဂိုးအထိ သွင်းယူပေးထားပါတယ်။
Telegram»…
https://t.me/positiveanglenews