(အားကစား) ဒီဇင်ဘာ ၂၀
ချက်တင်းနစ်မယ် ပလစ်ချ်ကိုဗာ ဟာ ဘယ်ဘက်ခြေချင်းဝတ် ဒဏ်ရာခွဲစိတ်ကုသမှု ခံယူတော့မှာ ဖြစ်တဲ့ အတွက် လာမယ့် ၂၀၂၅ ခုနှစ် ဩစတြေးလျအိုးပင်းမှာ ပါဝင်နိုင်ခြင်းမရှိတော့ဘူးလို့ ဒီဇင်ဘာလ ၁၈ ရက်က ထုတ်ပြန် ခဲ့ပါတယ်။
ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ်ဟောင်းဖြစ်တဲ့ ပလစ်ချ်ကိုဗာ ဟာ US Open ပြိုင်ပွဲနောက်ပိုင်း ဒဏ်ရာ ပြဿနာများကြောင့် ကာလရှည်အနားယူခဲ့ရပေမယ့် အခုချိန်မှာတော့ ၎င်းဒဏ်ရာများက ခွဲစိတ်ကုသမှသာ သက်သာ နိုင်မှာဖြစ်လို့ ခွဲစိတ်ကုသမှုခံယူရန် လုပ်ဆောင်နေရတာဖြစ်ပါတယ်။
ဒါကြောင့် ပလစ်ချ်ကိုဗာ ဟာ ဘယ်ဘက်ခြေချင်းဝတ် ဒဏ်ရာခွဲစိတ်ကုသမှု ခံယူပြီးနောက် ကြံ့ခိုင်မှု အပြည့်အဝရရှိမှသာ ပြိုင်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews