(အားကစား) ဒီဇင်ဘာ ၁၉
အပြည်ပြည်ဆိုင်ရာလက်ဝှေ့ဖက်ဒရေးရှင်း (IBF) က 2027 World Boxing championships ပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် ကာဇက်စတန်နိုင်ငံကို ရွေးချယ်ခဲ့တယ်လို့ ဒီဇင်ဘာလ ၁၇ ရက်ကထုတ်ပြန်ကြေညာခဲ့ပါတယ်။
၂၀၂၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့မှာ ကျင်းပမယ့် 2028 Summer Olympics မတိုင်မီမှာ ကျင်းပမယ့် 2027 World Boxing championships ပြိုင်ပွဲကို အကောင်းဆုံးကျင်းပနိုင်အောင် ကြိုးစားပေးသွားမှာ ဖြစ်ကြောင်း ကာဇက်စတန်အမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌနဲ့ ကမ္ဘာ့အိုလံပစ်လက်ဝှေ့ကော်မတီဥက္ကဋ္ဌကို ပူးတွဲ တာဝန်ယူထားတဲ့ ဂိုလော့ဖ်ကင် က ပြောကြားခဲ့ပါတယ်။
ဂိုလော့ဖ်ကင် ဟာ ကမ္ဘာ့ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး 2027 World Boxing champion ships ကို ကာဇက်စတန်နိုင်ငံမှာ ကျင်းပခွင့်ရရှိအောင် အဓိကကြိုးစားပေးခဲ့တဲ့သူ တစ်ဦးဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews