(ပြည်တွင်း) ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအတွင်းသို့ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က အကြမ်းဖက် PDF အင်အား ၇၀ ဦးခန့်သည် ဆိုင်ကယ်များ၊ Light truck မော်တော်ယာဉ်များဖြင့် ဝင်ရောက်လာပြီး ဌာနေပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ ငါန်းဇွန်မှ ဆပ်ပြာကျင်းရွာသို့ ခေတ္တခွင့်ဖြင့်ပြန်သွားသည့် ဌာနေပြည်သူ့စစ်အဖွဲ့ဝင် ဦးကြည်သောင်း၊ ၄၇နှစ်၊ (ဘ)ဦးလှလွင်နှင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦးစိုးပေ၏ ဇနီးဖြစ်သူ ဒေါ်ယမင်းသူ၊ ၃၁ နှစ်၊ (ဘ)ဦးမောင်ချစ်တို့အား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးကြည်သောင်းတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ ၂ ချက်၊ ဒေါ်ယမင်းသူတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ယာ-လက် ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြကြောင်း သိရသည်။
၎င်းနောက် အကြမ်းဖက် PDF များသည် ဌာနေပြည်သူ့စစ်အဖွဲ့ဝင် ဦးထွန်းပိုင်၏ ဇနီးဖြစ်သူ ဒေါ်မော်၊ ၅၄ နှစ်၊ (ဘ)ဦးငွေသိန်းနှင့် သားဖြစ်သူ မောင်အောင်မျိုးဇော်၊၁၈ နှစ်၊ (ဘ)ဦးထွန်းပိုင်တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာအတွင်းရှိ ဦးအောင်ညွန့်ဝင်း ပိုင်ဆိုင်သည့် Hijet မော်တော်ယာဉ် 7N/6754 အားမောင်းနှင် ယူဆောင်ကာ ကုလကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များမှ အကြမ်းဖက် PDF များနောက်သို့ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews