(နိုင်ငံတကာ) ဒီဇင်ဘာ ၁၉
လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုကို တရားမဝင်အသင်းအဖွဲ့အဖြစ် သတ်မှတ်ရေး ဥပဒေ ကြမ်း ကို ဆွစ်ဇာလန်အောက်လွှတ်တော်က ဒီဇင်ဘာလ ၁၇ ရက်တွင် မဲခွဲအတည်ပြုခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ သည် ကြားနေဝါဒကျင့်သုံးပြီး နိုင်ငံတကာပြဿနာအား ဆွေးနွေးရေးလမ်းစဉ်ဖြင့် ဖြေရှင်းရေးမူဝါဒကို အစဉ်တစ်စိုက် ကျင့်သုံးခဲ့သည့်နိုင်ငံဖြစ်ပြီး ရှားရှားပါးပါးဖြစ်စဉ်အဖြစ် ဟစ်ဇ်ဘိုလာအဖွဲ့ကို ပိတ်ပင်ရန် မဲခွဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ဟစ်ဇ်ဘိုလာအုပ်စုအား တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရေးဥပဒေကြမ်းကို ဆွစ်ဇာလန်အောက်လွှတ်တော် က ထောက်ခံမဲ ၃၂၆ မဲ၊ ကန့်ကွက်မဲ ၂၀ ဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေကြမ်းကို ဆွစ်ဇာလန် အထက်လွှတ်တော်က ပြီးခဲ့သည့် ရက်သတ္တပတ်က မဲခွဲအတည်ပြုပေးခဲ့ ပြီး ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံသည် ရှေးယခင်က အယ်လ်ကိုင်ဒါ အကြမ်းဖက်အုပ်စုနှင့် အစ္စလာမ္မစ် အကြမ်းဖက် အုပ်စု (အိုင်အက်စ်)တို့ကိုသာ တရားမဝင်အသင်းအဖွဲ့များအဖြစ်ပိတ်ပင်ခဲ့ဖူးသည်။
ဟစ်ဇ်ဘိုလာအဖွဲ့သည် နိုင်ငံ တကာ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာခဲ့ပြီဖြစ်ရာ ဆွစ်ဇာလန်နိုင်ငံအနေဖြင့် ယင်းအုပ်စုကို ပိတ်ပင် ရန် လိုကြောင်း ဆွစ်ဇာလန်လွှတ်တော် အမတ်များက ပြောကြားထားသည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက် အရ သိရသည်။
Telegram»…
https://t.me/positiveanglenews