(နိုင်ငံတကာ) ဒီဇင်ဘာ ၁၉
ရုရှားနိုင်ငံ၊ Murmansk ဒေသ Kandalaksha ခရိုင်တွင် ကုန်တင်ရထားတစ်စီးနှင့် ခရီးသည်တင်ရထားတစ်စီးတို့ တိုက်မိခဲ့ပြီး နှစ်ဦးသေဆုံးကာ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
Murmansk ဒေသ၏ လက်ထောက် အုပ်ချုပ်ရေးအာဏာပိုင်များက လက်ရှိအချိန်ထိ ဒဏ်ရာရရှိသူ ၂၇ ဦးရှိပြီး ကလေးငယ် ၅ ဦးပါဝင်ကြောင်းသိရသည်။
ဒဏ်ရာရရှိသူများအား ဆေးဘက်ဆိုင်ရာ ကုသမှုများခံယူရန် ဒေသဆိုင်ရာဆေးရုံများသို့ တင်ပို့ထားကြောင်းသိရသည်။
အဆိုပါ ရထားတိုက်မှုမှာ Murmansk မှ စိန့်ပီတာစဘတ်သို့ ပြေးဆွဲနေသည့် ကုန်တင်ရထားတစ်စင်းနှင့် ခရီးသည်တင်ရထားတို့ ဖြစ်ကြောင်း သိရသည်။
ရုရှားမီးရထားဌာန၏အဆိုအရ ခရီးသည်တင်ရထားပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၃၂၆ ဦးရှိပြီး မတော်တဆမှုတွင် ကုန်တင်တွဲ ၁၅ တွဲအပါအဝင် ရထားတွဲ ၁၉ စီး လမ်းချော်သွားခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများအား ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews