(ပြည်တွင်း) ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ SECRETARIAT YANGON (ဝန်ကြီးများရုံး)တွင် Yangon Downtown Lifestyle Shopping Festival နှစ်သစ်ကူးဈေးပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း Dora Entertainment မှ သိရပါတယ်။
အဆိုပါ ဈေးပွဲတော်ကို ဒီဇင်ဘာလ ၂၅ ရက်မှ ၃၁ ရက်အထိ SECRETARIAT YANGON (ဝန်ကြီးများရုံး) Heritage Market ခန်းမကြီးတွင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဈေးပွဲတော်အတွင်းမှာ စားသောက်ကုန်၊ လူသုံးကုန်၊ အထွေထွေကုန်စည်မျိုးစုံတို့ကို ပြသရောင်းချသွားမှာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ဖွင့်လှစ်ရောင်းချသွားရန် စီစဉ် လျက်ရှိကာ ပွဲတော်လာသူများအတွက် မြက်ခင်းပြင်စားသောက်တန်းကိုလည်း ထည့်သွင်းသွားမှာဖြစ်ပါတယ်။
နှစ်သစ်ကူးဈေးပွဲတော်တွင် ပွဲတော်လာပရိသတ်များအတွက် ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ထည့်သွင်း သွားမယ့်အပြင် နာမည်ကျော်အနုပညာရှင်များရဲ့ တေးသီချင်းဖျော်ဖြေမှုများ ပါဝင်သွားမှာဖြစ်ပြီး ပွဲတော်လာ ကလေး များအတွက် Playground မှာ တိုက်ကား၊ ပျော့အိအိကစားကွင်း၊ ရိုလာကိုစတာ၊ ပင်လယ်ဓားပြ စတဲ့ကစားနည်း များကို စီစဉ်ထည့်သွင်းသွားမယ်လို့ သိရပါတယ်။
#PAN