(မှုခင်း) ဒီဇင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိကျေးရွာ ၂ ရွာတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အရပ်သားပြည်သူတစ်ဦးတို့အား PDF အကြမ်းဖက်များမှ ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။
နတ်မောက်မြို့နယ် တောင်ဘက်ကြီးအုပ်စု ဆုံကုန်းကျေးရွာတွင်နေထိုင်သည့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမူး ဦးစိန်ကျော်လင်းသည် ယင်းနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်များမှ လာရောက်ပစ်ခတ်သွားသည်ဟု သိရသည်။
အကြမ်းဖက် PDF ၁၂ ဦးမှ နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်သတ်သွားသည့်အတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမူး ဦးစိန်ကျော်လင်းမှ ယင်နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။
ယင်း ညနေ ၅ နာရီခန့်အချိန်ခန့်တွင်လည်း နတ်မောက်မြို့နယ် လဲဘူးကျေးရွာတွင်နေထိုင်သည့် အရပ်သားပြည်သူ ဦးတင်ဝင်းအား PDF အကြမ်းဖက်များမှ နေအိမ်အတွင်းဝင်ရောက်ကာ သတ်ဖြတ်သွားသည်ဟု သိရသည်။
Telegram»…
https://t.me/positiveanglenews