တိမ်းရှောင်နေရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏မိခင်အား PDF မှ ရိုက်နှက်


(မှုခင်း) ဒီဇင်ဘာ ၁၉

အောင်လံမြို့နယ် ကျောက်အိုးကျေးရွာအုပ်စု ကျောက်အိုး(အရှေ့) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦး၀င်းကျော်သူ၏ နေအိမ်သို့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ခန့်က အကြမ်းဖက်PDFအဖွဲ့ (၁၅)ဦးခန့် ရောက်ရှိလာပြီး ဦး၀င်းကျော်သူ၏အမေအား ရိုက်နှက်သွားကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများမှ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးဝင်းကျော်သူအား မေးမြန်းပြီးနောက် ၎င်း၏မိခင်ဖြစ်သူအားရိုက်နှက်ကာ အိမ်းအတွင်းဝင်ရောက်ရှာဖွေပြီး ပြန်လည်ထွက်ခွာသွားကြသည်ဟုသိရသည်။

“ခင်ဗျားသားဘယ်သွားလဲလို့ မေးမြန်းတော့ ရိုက်နှက်သွားတယ်။ အိမ်အတွင်းထဲလည်း၀င် ရှာဖွေတယ်။ ၁၀နာရီလောက်မှ ကျောက်အိုး(အရှေ့)ကျေးရွာဘုန်းကြီးကျောင်းကိုပြန်သွားတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှုးအုပ်ချုပ်ရေးမှူးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ကျောက်အိုး(အရှေ့)ကျေးရွာ အုပ်ချုပ်ရေးမှူး ဦး၀င်းကျော်သူမှာ ဘေးလွတ်ကင်းရာနေရာသို့ တိမ်းရှောင်နေပြီး ကျောက်အိုး(အရှေ့)ကျေးရွာနှင့် တစ်အုပ်စုတည်းဖြစ်သည့် ကန်သာယာကျေးရွာမှာ အကြမ်းဖက် PDFများ အခြေပြုရာ ကျေးရွာတစ်ရွာဖြစ်သည်ဟု ဒေသခံများ၏ပြောဆိုချက်များအရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN