ဆိုးရွားသည့် လေထုညစ်ညမ်းမှုကြောင့် ပြည်ကျန်းမာရေးအတွက် ပညာရှင်များသတိပေး


(နိုင်ငံတကာ) ဒီဇင်ဘာ ၁၉

အိန္ဒိယတွင် ဆိုးရွားသော လေထုများ ပြန်လည်ဖြစ်ပေါ်လာခြင်းကြောင့် လေထုအဆိပ်သင့်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးချက်များထုတ်ပြန်ထားသည်။

အဆိပ်သင့်လေထုသည် ပြည်သူလူထု၏ ကျန်းမာရေးကို အန္တရာယ်ပြုနိုင်သည့် အဆင်သို့ တစ်ဖန်ပြန်လည် ရောက်ရှိနေကြောင်းသိရသည်။

ယမန်နေ့က ထုတ်ပြန်ခဲ့သည့် WHO ၏ ထုတ်ပြန်ချက်အရ လေထုညစ်ညမ်းမှုကန့်သတ်ချက်အဆင့်ထက် ၃၅ဆအထိ ကျော်လွန်သွားခဲ့ပြီး အိန္ဒိယပြည်သူအချို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် မျက်လုံးနှင့် လည်ချောင်းများ ယားယံခြင်းများကို ကြုံတွေ့ခဲ့ရကြောင်းသိရသည်။

အာဏာပိုင်များက ဒေသခံပြည်သူများနှင့် အထူးသဖြင့် ကလေးငယ်များအား အတက်နိုင်ဆုံး နေအိမ်အတွင်း နေထိုင်ရန် တိုက်တွန်းထားပြီး ဆရာဝန်များက နှာခေါင်းစီးများတပ်ရန် တိုက်တွန်းထားကြောင်းသိရသည်။

သို့သော်လည်း လေကြောင်းနည်းပညာကုမ္ပဏီ IQAir ၏ အမှုဆောင်အရာရှိချုပ် Frank Hammes က အဆိုပါတိုင်းတာမှုများသည် ရေတိုတိုင်းတာမှုသာဖြစ်ပြီ ထပ်မံလုပ်ဆောင်ရန်များစွာ လိုအပ်ကြောင်း သတိပေးထားသည်။

လေထုညစ်ညမ်းမှုသည် ကိုဗစ် – ၁၉ ရောဂါထက် ပြည်သူ့ကျန်းမာရေးအပေါ် ပိုမိုသက်ရောက်နိုင်ပြီး အများသူငှာ ကျန်းမာရေးအတွက် ကပ်ရောဂါတစ်ခုဖြစ်ကြောင်း ပညာရှင်များကဆိုသည်။

အိန္ဒိယနိုင်ငံ ဒေလီမြို့နှင့် အနီးတစ်ဝိုက်တွင် လေတိုက်နှုန်းနည်းခြင်း၊ မော်တော်ယာဉ်များမှထုတ်လွှတ်သော ကာဗွန်ဒိုင်အောက်ဆိုက်များနှင့် သီးနှံအကျွင်းအကျန်များ ထင်းများ မီးရှို့ခြင်းကြောင့် နှစ်စဉ်လေထုညစ်ညမ်းမှုအား မြင့်မားစွာကြုံတွေ့ရလေ့ရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN