“၂/၈၀ ချည်ချောများ တစ်ရက်လျှင် ၂ တန်ခန့်ထုတ်လုပ်မည်”

(​စီးပွားရေး) ဒီဇင်ဘာ ၁၈

 လက်ရှိတည်ဆောက်တပ်ဆင်ပြီးစီးတဲ့ မိတ္ထီလာတပ်မတော်ချည်မျှင်နဲ့ အထည်စက်ရုံဟာ စက်စွမ်းအားပြည့် လည်ပတ်မယ်ဆိုရင် တစ်ရက်ကိုချည်ပေါင်ချိန် ၄,၈၄၀ တန်အနေနဲ့ဆိုရင် နှစ်တန်ခန့် ထုတ်လုပ်နိုင်မှာဖြစ်ပြီး ထွက်ရှိ လာတဲ့ ၂/၈၀ ချည်ချောတွေကို ပြည်သူလူထုအတွက်လိုအပ်တဲ့ လုံချည်နဲ့ပိတ်တွေအဖြစ် ရက်လုပ်မှာဖြစ်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၆ ရက်မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)၂/၈၀ ချည်ချောစက်ရုံ ဖွင့်ပွဲအခမ်းအနားမှာအခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။

၂/၈၀ ချည်တွေကိုပြည်တွင်းကထွက်တဲ့ ဝါတွေနဲ့ ထုတ်လုပ်နိုင်ရေး စက်ပစ္စည်းတွေကို ဖြည့်ဆည်းပေးခဲ့ရာမှာ အခုဆိုရင် စတင်လည်ပတ်နိုင်ပြီဖြစ်တယ်လို့ပြောပါတယ်။

ဒါ့အပြင် ပိုလျှံတဲ့ချည်တွေကိုလည်း ပြည်ပဈေးကွက်ကို ဈေးနှုန်းသက်သာစွာနဲ့ ဖြန့်ဖြူးရောင်းချပေးသွားမယ်လို့လည်း ဆိုပါတယ်။

အခုလို ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်လှစ်နိုင်တာဟာ မြန်မာနိုင်ငံရဲ့ ချည်ထည်ခေတ်တစ်ခေတ် ပြောင်းလဲမှုရဲ့အစဖြစ်တယ်လို့ပြောပါတယ်။

ဒါ့အပြင် အဆင့်မြင့်ချည်ထည်တွေထုတ်လုပ်နိုင်တဲ့ ဝါမျိုးကောင်း မျိုးသန့်တွေကို စိုက်နည်းစနစ်မှန်ကန်စွာဆောင်ရွက်ပြီး ဝါအထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ကြဖို့လို့ ပြောကြားခဲ့ပါတယ်။

PAN