“သင်္ကြန်ကာလအတွင်း ပြည်ပခရီးသွားများလာရောက်ရေး ဆောင်ရွက်မည်”

(ပြည်တွင်း) ဒီဇင်ဘာ ၁၈

မြန်မာ့ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ဟာ UNESCO ရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပွဲတော် တစ်ခုဖြစ်သွားတာကြောင့် သင်္ကြန်ပွဲတော်ကို ပြည်ပခရီးသွားတွေလာရောက်လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခုလိုဆောင်ရွက်ရာမှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှု၊ အများပြည်သူရဲ့ ပူးပေါင်း ပါဝင်မှုနဲ့အတူ ဟိုတယ်လုပ်ငန်းရှင်တွေက ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒေါက်တာကျော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့အတူ ညီနောင်အသင်းတွေနဲ့ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ပြည်ပခရီးသွား၁သန်းကျော် ဝင်ရောက်ခဲ့ပြီး အခု ၂၀၂၄ ခုနှစ် ပထမငါးလအတွင်း ပြည်ပခရီးသွား ငါးသိန်းကျော် ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

#PAN