(နိုင်ငံတကာ) ဒီဇင်ဘာ ၁၈
ရုရှားစစ်တပ် နျူကလီးယား၊ ဇီဝနှင့်ဓာတုလက်နက်များကာကွယ်ရေးတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး အီဂေါကီရီလော့ဗ်အား ယူကရိန်းထောက်လှမ်းရေးမှ လုပ်ကြံခဲ့ကြောင်းသိရသည်။
မြို့တော် မော်စကိုရှိ နေအိမ်ရှေ့တွင် လုပ်ကြံခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်စကူတာဆိုင်ကယ်အတွင်း တပ်ဆင်ထားသည့် အဝေးထိန်း ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားပြည်တွင်း သတင်းဌာနများကဖော်ပြထားသည်။
ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ လုပ်ကြံမှုကြောင့် နျူရုရှား ဒုတိယဗိုလ်ချုပ်ကြီး အီဂေါကီရီလော့ဗ်နှင့် ကိုယ်ရံတော်အရာရှိတို့သေဆုံးခဲ့ကြောင်းသိရသည်။
ယူကရိန်းထောက်လှမ်းရေးက အဆိုပါလုပ်ကြံမှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း ရုရှားအစိုးရမှ ယူကရိန်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပဲ ဖြစ်စဉ်ဖြစ်ပွားခြင်းကိုသာထုတ်ပြန်ခဲ့သည်။
Telegram»…
https://t.me/positiveanglenews