ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံသင်တန်းကို ၉ လကြာ ဖွင့်လှစ်သင်ကြားသွားမည်

(​ပြည်တွင်း) ဒီဇင်ဘာ ၁၈

ရန်ကုန်တက္ကသိုလ်မှာ Diploma in Political Science (DPS) သင်တန်းကို (၉)လကြာ ဖွင့်လှစ်သင်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို ရန်ကုန်တက္ကသိုလ်ရဲ့ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာနမှာ ဖွင့်လှစ်ပေးသွားမှာြဖစ်ပြီး လျှောက်ထားသူတွေအနေနဲ့ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုက ဘွဲ့ရရှိပြီးသူဖြစ်ရမယ်လို့ သိရပါတယ်။

သင်တန်းကို လာမယ့် ဇန်ဝါရီလ ၆ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှဖြစ်ပြီး မနက်ပိုင်း ၇ နာရီက ၉ နာရီထိ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ တစ်ပတ်မှာ ၅ ရက် တက်ရောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါသင်တန်းကို တက်ရောက်ဖို့ လျှောက်ထားလိုသူတွေအနေနဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန၊ ဝေသာလီဆောင်၊ ဒဂုံလမ်း၊ ရန်ကုန်တက္ကသိုလ်မှာ တိုက်ရိုက်လျှောက်ထားရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

#PAN