“မြန်မာ-လာအို ပွဲကြည့်ပရိတ်သတ်များအတွက် အခမဲ့ အိမ်ပြန်ခရီးစဉ် ဆောင်ရွက်ပေးခဲ့” 


(​အားကစား) ဒီဇင်ဘာ ၁၈

အာဆီယံချန်ပီယံရှစ် မစ်ဆူဘီရှီဖလားပြိုင်ပွဲ မြန်မာ-လာအိုပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ယနေ့ ဒီဇင်ဘာလ ၁၈ ရက်၊ ည ၅ နာရီအချိန်တွင် ယှဉ်ပြိုင်ကစားခဲ့ကြရာ၊ ပွဲစဉ်အပြီးတွင်ပရိတ်သတ်များ မြို့နယ်များအလိုက် အိမ်ပြန်ခရီးအတွက် အခမဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပွဲကြည့်ပရိတ်သတ်များ အပြန်ခရီးအတွက် ယာဉ်များစီစဉ်ပေးရာ အုပ်စု ၅ စု သတ်မှတ်ထားကာ အုပ်စု (၁) အနေနဲ့ ဘောလုံးကွင်း-ကျောက်တိုင်-သာကေတ-ဆူးလေး ခရီးစဉ်အတွက် ၁၅ စီး၊ အုပ်စု (၂) ဘောလုံးကွင်း – စံပြဈေး – ဘေလီ – ပင်လုံ – ပြည်ထောင်စုလမ်း – ၇/၈ လမ်းဆုံ – ဒဂုံတက္ကသိုလ် ၁၅ စီး စုစုပေါင်း ၇၅ စီး စီစဉ်ထားရှိခဲ့ပါတယ်။

ဒါ့အပြင် အုပ်စု (၃) ဘောလုံးကွင်း- တောင်မြောက်လမ်းဆုံ – လှော်ကားလမ်း – ၇၁ ဂိတ်ဆုံး ၁၅ စီး၊ အုပ်စု (၄) ဘောလုံးကွင်း – ဝေဇယန္တာလမ်းအတိုင်း- ခြောက်ကွေ့ – အဝေးပြေး ၁၅ စီး၊ အုပ်စု (၅) ဘောလုံးကွင်း – အရှေ့မြင်း ပြိုင်ကွင်း – ရန်ကင်း – လှည်းတန်း- အင်းစိန်လမ်း-သမိုင်းလမ်းဆုံ ၁၅ စီး အသီးသီး စီစဉ်ထားရှိပါတယ်။

အုပ်စု (၂) ၊ (၃) ခရီးစဉ်အတွက် ဂိတ် (၆) နှင့် ဂိတ် (၇) အကြားမှာ သွားရောက်စီးနင်းရမှာဖြစ်ပြီး၊ အုပ်စု (၁) ၊ (၄)၊ (၅) အတွက် ဂိတ်(၂)နှင့် ဂိတ်(၉) အကြားမှာ သွားရောက်စီးနင်းရမှာဖြစ်တယ်လို့ သိရပါတယ်။ 

#PAN