(ကျန်းမာရေး) ဒီဇင်ဘာ ၁၈
ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို မန္တလေးမြို့ပေါ် ၅ မြို့နယ်တွင် စတင် ဆောင်ရွက်လျက်ရှိရာ ချမ်းအေးသာစံမြို့နယ် ၇၅ လမ်းနှင့် ၇၆ လမ်းကြား၊ ၂၉ လမ်းနှင့် ၂၈ လမ်းကြားရှိ အမှတ် (၁၂) အခြေခံ ပညာအထက်တန်း ကျောင်းတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။
မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသားများ၏ ကျန်းမာရေးနှင့် တီဘီရောဂါလက္ခဏာရှိ၊ မရှိ စစ်ဆေးပေးပြီး ရောဂါလက္ခဏာတွေ့ရှိသူများကို ကုသနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းအခြေပြု တီဘီရောဂါစစ်ဆေးခြင်းလုပ်ငန်းကို မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၄ မြို့နယ်တွင် ဆောင်ရွက်သွားမှာဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ် ၅ မြို့နယ်တွင် စတင်ဆောင်ရွက်လျက်ရှိနေပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်း ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို မြို့နယ် ၂၄ မြို့နယ်တွင် အထက်တန်းကျောင်း ၆၂၇ ကျောင်း၊ အလယ်တန်းကျောင်း ၉၄၉ ကျောင်း၊ မူလတန်းကျောင်း ၂,၁၂၂ ကျောင်း၊ စုစုပေါင်း ၃,၆၉၈ ကျောင်းကို နွေရာသီကျောင်းပိတ်ရက်မတိုင်မီ အပြီးစစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews