(ပြည်တွင်း) ဒီဇင်ဘာ ၁၈
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)နှင့် ကိုရီးယားနိုင်ငံ၊ Gyeongbuk College of Health (GCH) တို့ကြား ပညာရပ်ဆိုင်ရာအကျိုးတူပူးပေါင်းဆောင်ရွက်ရန် ၅ နှစ် သက်တမ်းရှိ နားလည်မှုစာချွန်လွှာ (MOU)ရေးထိုးခဲ့ကြပါတယ်။
ဒီဇင်ဘာလ ၁၇ ရက်က နေပြည်တော်ရှိ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတွင် သူနာပြု တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာတင်တင်ကျော်နှင့် GCH ၏ President ဖြစ်သူ Mr. Lee Eun Gik တို့မှ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ပါတယ်။
အဆိုပါ MOU အရ မြန်မာ-ကိုရီးယား တက္ကသိုလ်နှစ်ခုက ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အပြန်အလှန်စေလွှတ်ခြင်း၊ သင်ကြားရေး၊ သူနာပြုအတတ်ပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများဖလှယ်ခြင်း၊ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲများ၊ ဘာသာရပ်ဆိုင်ရာပိုချမှုများနှင့် သုတေသနကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် သွားကြမှာ ဖြစ်ပါတယ်။
#PAN