“အမျိုးသမီး ယူရို-၂၀၂၅ ပြိုင်ပွဲတွင် လက်ရှိချန်ပီယံအင်္ဂလန် အုပ်စုကျပ်အတွင်း ကျရောက်”

(အားကစား) ဒီဇင်ဘာ ၁၇

အမျိုးသမီး ယူရို-၂၀၂၅ ပြိုင်ပွဲအတွက် မဲခွဲပွဲကို ဒီဇင်ဘာလ ၁၆ ရက်က ကျင်းပခဲ့ရာ လက်ရှိချန်ပီယံ အင်္ဂလန် အသင်းက မရဏအုပ်စုအတွင်း ကျရောက်ခဲ့နေခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ၂၀၂၂ ခုနှစ် ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆု ကို ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တဲ့ လက်ရှိချန်ပီယံအသင်း ဖြစ်ပါတယ်။

အင်္ဂလန်အသင်း ဟာ ယူရို-၂၀၂၅ ပြိုင်ပွဲမှာ (၁၆) သင်းအဆင့်မှ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ခြေစစ်ပွဲစွမ်းဆောင်ရည်အပေါ် အကဲဖြတ်မှုအရ ဆီဒင်အဆင့် (၂) သာ သတ်မှတ်ခံခဲ့ရပါတယ်။

 အင်္ဂလန်အသင်းဟာ အုပ်စု (D) မှာ ပြင်သစ်၊ နယ်သာလန်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေခဲ့တဲ့အတွက် မရဏအုပ်စုလို့ သတ်မှတ်ခံရခြင်းဖြစ်ပြီး ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းပါဝင်တဲ့ အုပ်စုကိုလည်း ဒုတိယပွဲအကျပ်ဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။

ယူရိုပြိုင်ပွဲကို ဆွစ်ဇာလန်နိုင်ငံမှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက် မှ ၂၇ ရက်အထိ ကျင်းပမှာဖြစ်ပြီး ယမန်နှစ်ပြိုင်ပွဲထက် ဆုကြေးများစွာ တိုးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

#PAN