(နိုင်ငံတကာ) ဒီဇင်ဘာ ၁၇
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် သတင်းထောက်တစ်ဦး၏ နှစ်ပတ်လည်နေ့တွင် နောက်ထပ် အယ်ဂျားဇီယားသတင်းထောက်ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်းသိရသည်။
သေဆုံးသူသည် Ahmad Al-Louh အမည်ရှိ အသက် ၃၉ နှစ်အရွယ် ဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်ကြောင်းသိရသည်။
Ahmad Al-Louh နေထိုင်သည့် ရုံးခန်းတစ်ခုအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပေါက်ကွဲမှုကြောင့် ပြင်းထန်သည့်ဒဏ်ရာကို ရရှိခဲ့ပြီး မိသားစုက ကယ်ဆယ်ရန်ကြိုးပမ်းခဲ့သော်လည်း ရက်စက်စွာသတ်ဖြတ်ခံခဲ့ရကြောင်း အယ်ဂျားဇီးယားသတင်းဌာနက ဖော်ပြသည်။
အစ္စရေးက Ahmad Al-Louh ကို ယခင်က ဟားမတ်စ်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၎င်းတို့အနေဖြင့် ဟားမတ်စ်အဖွဲ့ကိုသာ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါတိုက်ခိုက်မှုတွင် Ahmad Al-Louh အပါအဝင် အရပ်သားများပါဝင်ခဲ့ကြောင်း သေဆုံးဒဏ်ရာရသူများကို ကုသပေးနေသည့် Al Awda ဆေးရုံကဆိုသည်။
Telegram»…
https://t.me/positiveanglenews