(ပြည်တွင်း) ဒီဇင်ဘာ ၁၇
မြို့ပေါ် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၅၂) အုပ်စုနဲ့ ကျေးရွာပေါင်း (၂၀၅) ကျေးရွာရှိသည့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြိုနယ်က ပွင့်ဖြူမြို့ကို မြို့သိမ်းတိုက်ပွဲပြုလုပ်မယ်လို့ ပွင့်ဖြူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် မင်းဘူးခရိုင် PDF က ပြောဆိုထားကြောင်း သိရသည်။
ရပ်ကွက်နှင့်ကျေးရွာ ၂၀၀ ကျော်ရှိသည့် ပွင့်ဖြူမြို့နယ်အတွင်းက ကျွဲတံခါး ၊ ချောင်းဆုံ ၊ ပေပင် ၊ ရေယာဥ် ၊မအူပင်၊ ကန်ရွာကျေးရွာ၊ လယ်မရွာ၊ ကျွဲခြံရွာစသည့် ကျေးရွာပေါင်း ၇ ရွာအား PDF အကြမ်းဖက်များစိုးမိုးထားပြီး ပွင့်ဖြူမြို့နယ်၏ အနောက်ဘက်နှင့်စပ်နေသည့် စေတုတ္တရာမြို့နယ်မှ ကျေးရွာများဖြစ်သော ဝန်လို ၊ ခိုနန်း ၊ မုံညှင်း ၊ ကျောက်ပုံ ၊ ခဲပြစ် ၊ ညောင်ကုန်း စသည့်ကျေးရွာများတွင်လည်း PDF အကြမ်းဖက်များစိုးမိုးထားကာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့က ပွင့်ဖြူမြို့နယ် ချောင်းဆုံကျေးရွာနှင့် လယ်မကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့များရောက်ရှိလာပြီး ဆင်လူးကျေးရွာ ၊ မဲဇလီစခန်းနှင့် ပွင့်ဖြူမြို့များကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်မည်ဖြစ်ကြောင်း၊ ၎င်းတို့ရောက်ရှိလာသည့် လယ်မရွာကျေးမှ ပြည်သူများအားလုံး ရွာကနေထွက်ခွားပေးကြရန် ရွာထဲနှင့်တောထဲတွင် တစ်ဦးတစ်ယောက်မှ မနေကြရန် ပြောဆိုသွားသည်ဟုလည်း ဒေသခံများက ပြောသည်။
မြို့သိမ်းတိုက်ပွဲပြုလုပ်မည်ဆိုသော ပြောဆိုချက်ထဲတွင်ပါဝင်သည့် ပွင့်ဖြူမြို့နယ် ဆင်လူးရွာသည် အိမ်ခြေ ၆၀၀ ခန့်ရှိပြီး ၂၀၁၅ ၊ ၂၀၂၀ ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ ရှုံးနိမ့်ထားသည့်ကျေးရွာဖြစ်ပြီး ယင်းကျေးရွာသည် စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်တို့နှင့်ဆက်စပ်နေပြီး ပုသိမ် မုံရွာလမ်းဘေးနှင့်ကပ်လျှက်ရှိသောကျေးရွာဖြစ်သည်ဟုလည်း သိရသည်။
Telegram»…
https://t.me/positiveanglenews