(ပြည်တွင်း) ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ သာယာအေးကျေးရွာအုပ်စု၊ ကွမ်ပေါင်ကျေးရွာတွင် ဒီဇင်ဘာလ(၁၇)ရက်နေ့ နံနက်(၄)နာရီအချိန်ခန့်က ပဲခူးမြစ်ကမ်းပါးပြိုကျခဲ့မှုကြောင့် လူနေအိမ်များပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။
ကမ်းပါးပြိုကျမှုကြောင့် မြေကြီးများအက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး လူနေအိမ်များအက်ကွဲကြောင်းများအတိုင်းပြိုကျခဲ့ခြင်းဖြစ်ကာ အဆိုပါကမ်းပြိုကျမှုကြောင့် ကွမ်ပေါင်ကျေးရွာအတွင်းရှိ ဦးငယ်ငယ်နှင့် ဦးဌေးနိုင်တို့၏ ဝါး၊ဓနိအဆောက်အဦးနေအိမ်၊ ဦးဇော်ဦး၏ တိုက်ခံအဆောက်အဦးနေအိမ်၊ ဦးအေးကို၏ ပျဥ်ခင်း၊ပျဥ်ကာအဆောက်အဦးနေအိမ်၊ ဒေါ်စန်းစန်းဝင်း၏ ခြံမြေ၊ ဒေါ်ညိုဝင်း၏ တိုက်ခံအဆောက်အဦးနေအိမ်၊ ဦးသောင်း၏သစ်သားနေအိမ်၊ ကွမ်းပေါင်ကျေးရွာဆေးခန်း တိုက်ခံအဆောက်အဦးတို့ ပျက်စီးဆုံးရှုံးသွားကြောင်းသိရသည်။
ကမ်းပါးပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်နစ်နာသေဆုံးမှုမရှိကြောင်းသတင်းရရှိသည်။
#PAN