ပုဂံဒေသတွင် ခရီးရှည်မြင်းစီးပြိုင်ပွဲ ကျင်းပမည်

(ပြည်တွင်း) ဒီဇင်ဘာ ၁၇

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ခရီးရှည်မြင်းစီးပြိုင်ပွဲကို လာမယ့်ဒီဇင်ဘာလ ၃၀ ရက်မှာ ကျင်းပ သွားမယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ကနေ သိရပါတယ်။

အဆိုပါခရီးရှည်မြင်းစီးပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် က ပုဂံမှာစတင်ကျင်းပခဲ့ပြီး နောက်ပိုင်းတွင် ကိုဗစ်ကပ်ရောဂါနဲ့ အကြောင်းအမျိုးမျိုးကြောင့် နေပြည်တော်မှာပဲ ကျင်းပခဲ့ပါတယ်။

ပြိုင်ပွဲကျင်းပရခြင်းမှာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ သိရှိနိုင်စေရန်ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဌေးကျော် က ပြောပါတယ်။

ယခုကျင်းပမည့် ခရီးရှည်မြင်းစီးပြိုင်ပွဲက ၁၀၀ ကီလိုမီတာရှည်တဲ့ ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြင်းနဲ့ အားကစားသမား တွေကို ပြိုင်ပွဲမဝင်ခင် တစ်ရက်အလို ဒီဇင်ဘာလ ၂၉ ရက်မှာ ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ခရီးရှည်မြင်းစီးပြိုင်ပွဲတွင် ပါဝင်တဲ့အားကစားသမားနဲ့ ပြိုင်ပွဲဝင်မြင်းတွေအနေဖြင့် သတ်မှတ် အရည် အချင်း ပြည့်မီပါက ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စေလွှတ်သွားမယ်လို့လည်း သိရပါတယ်။

#PAN