(မှုခင်း) ဒီဇင်ဘာ ၁၇
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အား သတင်းအရရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဝိန်းကျောက်ရပ်ကွက်ရှိ ကျန်ကြားအန် ၏ နေအိမ်အတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလိုနှင့် အက်တက်စီဆေးပြား ၁၂၈,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး၊ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများပိုင်ရှင် တွမ်လောင်ဖူး(ခ)အားဟာ ၏ နေအိမ်ကို ဆက်လက်ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တွမ်ရှီးခွမ် ဆိုသူအား စိတ်ပြောင်း ဆေးဝါး Happy Water ၂ ကီလို၊ Happy-5 ဆေးပြား ၁၆,၀၀၀ ပြား၊ အက်တက်စီအမှုန့် ၉ ကီလိုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၅ ဒသမ ၇ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလို၊ အက်တက်စီဆေးပြား ၁၂၈,၀၀၀ ပြား၊ Happy Water ၂ ကီလို၊ Happy-5 ဆေးပြား ၁၆,၀၀၀ ပြား၊ အက်တက်စီအမှုန့် ၉ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews