လစ်ဗျားတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရေနံချက်စက်ရုံများပျက်စီး


(နိုင်ငံတကာ) ဒီဇင်ဘာ ၁၆

လစ်ဗျားနိုင်ငံ ဇိုင်ယာမြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နိုင်ငံ၏ဒုတိယအကြီးဆုံး ရေနံချက်စက်ရုံ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

မြို့တော် ထရီပိုလီ၏ အနောက်ဘက် ၄၇ ကီလိုမီတာအကွာက ကမ်းရိုးတမ်းမြို့ဖြစ်သည့် ဇိုင်ယာမြို့တွင် ဆူရာဖာလူမျိုး လက်နက်ကိုင်များနှင့် Mohamed Kushlaf ဦးဆောင်သည့် လက်နက်ကိုင်များအကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားရခြင်းအကြောင်းအရင်းကို အတိအကျမသိရသေးသော်လည်း ဒေသခံပြည်သူများ တိုက်ပွဲများကြား ပိတ်မိနေခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

တိုက်ပွဲများကြောင့် ဇိုင်ယာရေနံချက်စက်ရုံမှ ရေနံသိုလှောင်ကန်များ ဆိုးဆိုးရွားရွားပျက်စီးခဲ့ကြောင်း လစ်ဗျားအမျိုးသားရေနံကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။

တိုက်ပွဲများကြောင့် ရေနံသိုလှောင်ကန်များ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သော်လည်း မီးကူးစက်လောင်ကျွမ်းမှုနှင့် ဓာတ်ငွေ့ယိုစိမ့်မှုတို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN