(ပြည်တွင်း) ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ သာယာလှပရေးနှင့် လုံခြုံမှုရှိစေရေးအတွက် Solar မီးများ အပါအဝင် CCTV တပ်ဆင်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ဆက်လက်ပြီး ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည်နှင့်အညီ နိုင်ငံ့၏ဂုဏ်သိက္ခာမြှင့်တင်ရန်အတွက် တစ်ရက်ကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နိုင်ငံတော်အလံလွှင့်ထူကာ နိုင်ငံတော်သီချင်းကို ဖွင့်လှစ်ရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အဆိုပါလုပ်ငန်းစဉ်များကို ဒီဇင်ဘာလ ၁၅ ရက်မှစတင်၍ လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်သွားကြမည် ဖြစ်ပြီး၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းချိုးဖောက်မှုမရှိစေရေးအတွက် တစ်လတာ ပညာပေးကာလသတ်မှတ်၍ ဒေသခံပြည်သူများအကြား အသိပညာပေးသွားမယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews