တရားဝင်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရန် လုပ်ငန်းမှတ်ပုံတင် ၄၅၇ ခုကို ခွင့်ပြုပေးထား


(စီးပွားရေး) ဒီဇင်ဘာ ၁၆

ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း တစ်ပိုင်တစ်နိုင် အသေးစားစီးပွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် လုပ်ငန်းရှင်များအား တရားဝင်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရန် လုပ်ငန်းမှတ်ပုံတင် ၄၅၇ ခုကို ခွင့်ပြုပြီးထုတ်ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

အဆိုပါ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများဖြစ်တဲ့ အသေးစားစီးပွားရေးလုပ်ငန်းများကို လုပ်ငန်းရှင်များ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအလိုက်ခွင့်ပြုပေးရန် ၄၅၀ လျာထားပြီး ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်းအမျိုးအစား အလိုက် ခွင့်ပြုပေးထားတဲ့ လုပ်ငန်းအမျိုးအစားများသည် စားသောက်ရေးဆိုင်ရာလုပ်ငန်း၊ ၂၄၂ ခု၊ ဝတ်ဆင်ရေးဆိုင်ရာ လုပ်ငန်း ၂၄ ခု၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း ၄၃ ခု၊ အိမ်သုံးပစ္စည်းလုပ်ငန်း ၁၆ ခု၊ စိုက်ပျိုးရေးပစ္စည်းဆိုင်ရာ လုပ်ငန်း ၁၆ ခု၊ ဓာတ်သတ္တုပစ္စည်းလုပ်ငန်း တစ်ခု၊ ကုန်ကြမ်းလုပ်ငန်း နှစ်ခု၊ စက်ပစ္စည်းကိရိယာထုတ်လုပ်ရေးလုပ်ငန်း ရှစ်ခု၊ သယ်ယူပို့ဆောင်ရေးယာဉ်များ ထုတ်လုပ်ရေးလုပ်ငန်း တစ်ခု၊ လျှပ်စစ်ပစ္စည်းထုတ် လုပ်ရေးလုပ်ငန်း ၁၄ ခု၊ အထွေထွေအသေးစားစက်မှုလုပ်ငန်း ၉၀ ခု ၊ လက်ရှိအချိန်အထိ စုစုပေါင်းလုပ်ငန်းမှတ်ပုံတင် ၄၅၇ ခုကိုခွင့်ပြုထုတ်ပေး ထားပြီးဖြစ်ပါတယ်။

လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးမည်ဖြစ်တဲ့ လုပ်ငန်းအမျိုးအစားများမှာတော့ စားသောက်ရေးဆိုင်ရာလုပ်ငန်း၊ ဝတ်ဆင်ရေးဆိုင်ရာလုပ်ငန်း၊ နေထိုင်ရေးဆိုင်ရာလုပ်ငန်း၊ လူသုံးကုန်ပစ္စည်းလုပ်ငန်း၊ အိမ်သုံးပစ္စည်းလုပ်ငန်း၊ ပုံနှိပ်နှင့် စာအုပ်ထုတ်လုပ်ရေးလုပ်ငန်း၊ ကုန်ကြမ်းလုပ်ငန်း၊ ဓာတ်သတ္ထုပြုပြင်ထုတ်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးကိရိယာ ထုတ်လုပ်ရေးလုပ်ငန်း၊ စက်ပစ္စည်းကိရိယာထုတ်လုပ်ရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးယာဉ်များ ထုတ်လုပ်ရေး လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ အထွေထွေ အသေးစားစက်မှုလက်မှုလုပ်ငန်း စတဲ့ လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်လိုသူများအတွက် လုပ်ငန်းမှတ်ပုံတင်များကို ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN