တမူး PDF က ဖမ်းထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင် (၃၄)ဦးကို CDM ရဲကယ်ထုတ်ဟုဆို


(ပြည်တွင်း) ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် မြို့သစ်မြို့တိုက်ပွဲနှင့် သနန်ရွာတိုက်ပွဲများတွင် PDF အကြမ်းဖက်သမားများဖမ်းဆီးထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား CDM ရဲတပ်ဖွဲ့ဝင် တစ်ဦးမှကယ်ထုတ်သွားကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများတွင် PDF အကြမ်းဖက်သမားများ ဖမ်းဆီးထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင် (၃၄)ဦးကို CDM ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ အချုပ်ခန်း ဖောက်ကာ အိန္ဒိယနိုင်ငံဘက်သို့ ကယ်ထုတ်သွားသည်ဟု သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင် ၃၄ ဦးကို တမူးမြို့နယ် အထက်ပိုင်း မြန်မာ-အိန္ဒိယနယ်စပ်အနီးရှိ ကျေးရွာတစ်ရွာတွင် PDF အကြမ်းဖက်သမားများ ဖမ်းဆီးထားခြင်းဖြစ်ပြီး CDM လုပ်ထားသည့် ရဲတပ်သား ဇေယျာထိုက်က ဒီဇင်ဘာလ (၁၂)ရက် ညပိုင်းတွင် အချုပ်ခန်းဖောက်ကာ ခေါ်ထုတ်သွားပြီးနောက် အိန္ဒိယနိုင်ငံအတွင်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

လွတ်မြောက်သွားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ (၁၃)ရက်တွင် အိန္ဒိယနိုင်ငံအတွင်းမှ တမူးမြို့နယ် မင်းသာကျေးရွာသို့သွားရောက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြန်လည်ပူးပေါင်းခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN