အမေရိကန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ဖိတ်ကြားထားသော်လည်း  တရုတ်သမ္မတ Xi Jinping တက်ရောက်မည်မဟုတ်

(နိုင်ငံတကာ) ဒီဇင်ဘာ ၁၅

     Donald Trump မှ ဖိတ်ကြားထားသော်လည်း  တရုတ်သမ္မတ Xi Jinping သည် ဇန်နဝါရီလတွင် ကျင်းပမည့် အမေရိကန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ရန် မဖြစ်နိုင်ကြောင်း အဆိုပါ အစီ အစဉ်နှင့် နီးစပ်သူ နှစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီးလည်း တက်ရောက်ဖွယ်ရှိပြီး ဘေဂျင်းမှ အခြားအရာရှိများလည်း သူနှင့်အတူ ပါဝင်နိုင်သည်ဟု သတင်းရင်းမြစ်များက CBS News သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။

     မှတ်တမ်းများအရနိုင်ငံခြားခေါင်းဆောင်များ သည် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲသို့ မတက်ရောက်ဖူးကြောင်း ပုံမှန်မဟုတ်သောဖိတ်ကြားမှုကို CBS မှပထမဆုံးအစီရင်ခံဖော်ပြခဲ့သည်။

      “ဒါဟာ မဟာမိတ်တွေသာမက ကျွန်တော်တို့ရဲ့ ရန်ဘက်တွေသာမက ပြိုင်ဘက်နိုင်ငံတွေရဲ့ ခေါင်း ဆောင်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ ဖန်တီးနေတဲ့ သမ္မတ Trump ရဲ့ ဥပမာတစ်ခုပါပဲ” ဟု Trump ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Karoline Leavitt က Fox News သို့ ပြောကြားခဲ့သည်။

     Trump သည် ရှီ ကို မကြာခဏ ချီးကျူးဖူးသော် လည်း တရုတ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။  လာမည့်လတွင် ရာထူးတာဝန်ယူချိန်တွင် တင်သွင်းသည့် တရုတ်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ သိသိသာသာ တိုးမြှင့်သွားမည်ဟု ၎င်းက ကတိပြုထားသည်။

      နိုင်ငံခြားရေးဝန်ကြီးအမည်စာရင်းတင်သွင်းသူ Marco Rubio နှင့် အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz အပါအဝင် Trump ၏အစိုးရအဖွဲ့ ရွေး ချယ်မှုအများအပြားသည် တရုတ်အစိုးရကို ပြင်းပြင်း ထန်ထန်ဝေဖန်သူများဖြစ်သည်။

      ဝါရှင်တန်ဒီစီတွင် ဇန်နဝါရီ ၂၀ ရက်၌ ကျင်းပမည့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အခြားနိုင်ငံခြားခေါင်းဆောင်များကိုလည်း ဖိတ်ကြားထားကြောင်း Leavitt က ပြောကြားခဲ့သော်လည်း မည်သူမည်ဝါဖြစ်သည်ကို ဖော်ပြထားခြင်း မရှိပေ။

#PAN